Let Users be Interactive : စိတ်ပါလက်ပါ အသုံးပြုခြင်း

Let Users be Interactive : စိတ်ပါလက်ပါ အသုံးပြုခြင်း

User-Centered Design (Ep-02)


အားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါတယ်

ဒီအပါတ် ကျွန်တော်တို့ရဲ့ User-Centered Design ဆိုတဲ့ Topic အောက်က Episode (2) အနေနဲ့ အသုံးပြုသူတွေကို ကိုယ့်ရဲ့ Product မှာ ဘယ်လိုမျိုး တက်တက်ကြွကြွနဲ့ပါဝင်လာအောင်လုပ်မလဲဆိုတာ ပြောပြပေးချင်ပါတယ်

မိတ်ဆွေတို့ ဒီအပေါ်က အကောင်လေးကို တစ်နေရာရာမှာမြင်ဖူးမိကြလား၊ မြင်ဖူးမိမှာပါ၊ ကျွန်တော်တို့ Pandemic ကာလတွေတုန်းက လူငယ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ Duolingo ဆိုတဲ့ App လေးထဲက အကောင်လေးပေါ့နော်၊ ဇီးကွက်ကလေးဖြစ်မယ်ထင်ပါတယ်၊

ဆိုတော့ Duolingo ဆိုတာ ဘာလဲပေါ့

Duolingo : Multi-Language Learning App

Duolingo ဆိုတာ ကမ္ဘာပေါ်က Language ပေါင်းစုံကို သင်ယူလို့ရတဲ့ Lanaguage Learning App လေးပါ၊ ဆိုတော့ Duolingo မပေါ်ခင်ကလည်း တခြား Learning App တွေရှိတာပဲ ဘာလို့ Duolingo ကျမှ နာမည်ကြီးသွားရတာလဲ

ကျွန်တော်တို့အားလုံးက ကျောင်းသား၊ ကျောင်းသူတွေဖြစ်ဖူးကြပါတယ်၊ အဲ့တော့ ကျောင်းသားဘဝက စာလုပ်ပါဆိုရင် မလုပ်ချင်ကြတာများပါတယ်၊ ကလေးတွေဆိုရင်ပိုဆိုးတာပေါ့၊ စာလုပ်ဆိုရင် ဂိမ်းဆော့ချင်တာက ခပ်များများရယ်၊ ဒီဟာပေါက်လေးကို ဖြည့်ဖို့အတွက် Duolingo ကလုပ်ပေးလိုက်တယ်လို့ ဆိုလို့ရပါတယ်

ကျွန်တော်တို့က စိတ်ထဲမှာ ငါစာလုပ်နေရတယ်ဆိုတဲ့ ခံစားချက်ကြီးရနေရင်မကြိုက်ပါဘူး၊ လုပ်နေရတဲ့ စာချင်းတူရင်တောင် စိတ်ထဲ အဲ့လိုပေါ်လာပြီဆိုရင် ပျင်းလာတာပါ၊ Duolingo က ဒါကိုဘယ်လိုဖြေရှင်းပေးလဲဆိုတော့ ဂိမ်းဆော့ရတာကြိုက်တဲ့ ကျွန်တော်တို့ကို Gaming Style Lessons တွေဖြစ်အောင်လုပ်ပေးလိုက်တာပါ၊

Duolingo လို့ပြောလိုက်ရင် စာလုပ်ရတဲ့ App ဆိုတာထက် Game ဆော့ဖို့၊ Fun ဖြစ်လို့ဆိုပြီး ဝင်လာတဲ့သူကပိုများပါတယ်၊ သူ့မှာဆိုရင် Lessons တွေကို Game တွေမှာလို Level အလိုက်ခွဲပေးထားပြီးတော့၊ Lesson တစ်ခုချင်းစီမှာလည်း မှတ်ရလွယ်တဲ့ Learning Style တွေ၊ ကလေးတွေဆို သဘောကျမယ့် ချစ်စရာကောင်းတဲ့ Character လေးတွေ၊ နောက် Game ဆော့သလိုပဲ Lesson တွေမှာ ဖြေရတဲ့ အပိုင်းတွေကျရင် မှားသွားရင် Heart တစ်ခုစီလျှော့ပြီးတော့၊ Heart တွေ အကုန်ကုန်သွားရင် ဘယ်နှနာရီစောင့်ဆိုပြီး Refill ဖို့ပြန်စောင့်ရပါတယ်

ဆိုတော့ Level အရမ်းတက်ချင်တဲ့ သူတွေက မမှားအောင်ဖြေဖို့ အသားကုန်စာလုပ်ပါတော့တယ်၊ တစ်ခါတလေ ခိုးပြီးတောင် Browser ကနေ မသိမသာ အဖြေသွားရှာတဲ့သူတောင်ရှိဦးမှာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ ကိုယ်မသိသေးတဲ့ စကားလုံး၊ စာကြောင်းတွေကို Learn လုပ်သွားရင်းနဲ့ Game တစ်ခုဆော့နေတယ်ဆိုတဲ့ ခံံစားချက်ပဲရလိုက်ပါတယ်၊

Gaming Style : Interface and Visuals
Gaming Style : Levels and Leaderboard

User တွေဆိုတာက သူတို့ကို ဒါလုပ်ပါဆိုပြီး စည်းမျဥ်းကြီးတွေနဲ့ လုပ်ခိုင်းရင် ခေါင်းမာပါတယ်၊ မလုပ်ချင်ပါဘူး၊ တခြား Learning App တွေမှာဆို ဒါဆိုဒါပဲ သင်ရမယ်ပေါ့၊ အဲ့အခါကျ User တွေကပျင်းလာပါတယ်၊ သူတို့ကိုယ်တိုင် Action တစ်ခုခုကိုပါဝင်လုပ်ဆောင်မနေရတဲ့အခါမှာ ငြီးငွေ့လာတာပေါ့၊ Duolingo မှာကတော့ ကိုယ်သွားနိုင်သလောက် ရှေ့ရောက်မယ်၊ ကိုယ်လုပ်မှပဲ Level တစ်ခုရောက်မယ်ဆိုတဲ့ Acheivement Feeling မျိုးပေးထားတဲ့အခါ ဂုဏ်ယူနေတာမျိုးပေါ့

ဒီလို User တွေကို Interactive ပေးလုပ်တာက KPay မှာလည်း ကျွန်တော်တို့မြင်ဖူးပါတယ်၊ ကျွန်တော်ရဲ့ Lessons တွေမှာဆို ထည့်ထည့်ပြောလေ့ရှိပါတယ်၊ KPay ရဲ့ မုန့်ဖိုးပေး/ယူတဲ့ Feature လေးက ၂၀၂၀ - ၂၀၂၁ လောက်တုန်းက တော်တော်လေး ရေပန်းစားခဲ့တဲ့ Feature လေးပါ၊ လူတွေက ငါတော့ ပိုက်ဆံဘယ်လောက်ရချင်လို့ဆိုတာထက် သူများတွေနဲ့အတူတူ ဝင်လုရတဲ့ ခံစားချက်လေး၊ သူတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်နေရတယ်ဆိုတဲ့ ခံစားချက်လေးကို ကြိုက်ကြတာပါ

ကဲ ဒီတော့ နောက်များ ကိုယ်တိုင် Product တွေလုပ်ရတဲ့အခါကျရင် User ကို ဘယ်လိုမျိုး Interactive ဖြစ်ဖြစ်ဆွဲဆောင်မလဲဆိုတာကို ထည့်စဥ်းစားမိမယ်လို့ မျှော်လင့်ပါတယ်၊ နောက်အပါတ်ကျမှ တွေ့တာပေါ့

See ya'll 👋🏻