Understanding Users : အသုံးပြုသူများအား နားလည်ခြင်း

Understanding Users : အသုံးပြုသူများအား နားလည်ခြင်း

User-Centered Design (Ep-01)


ဒီအပါတ်အတွက် ပေါ့ပေါ့ပါးပါးလေးနဲ့ Sharing လုပ်ပေးချင်တဲ့အကြောင်းအရာလေးကတော့ User-Centered Design ဆိုတဲ့ Topic အောက်က Understanding Users (အသုံးပြုသူတွေကိုနားလည်ခြင်း) ဆိုတဲ့ အကြောင်းလေးကိုပြောပြသွားချင်ပါတယ်ဗျာ

အသုံးပြုသူတွေကိုနားလည်တယ်ဆိုတဲ့နေရာမှာ ရှုထောင့်အများကြီးရှိတာမလို့ ဒီနေ့အကြောင်းအရာကိုတော့ Episode-01 အနေနဲ့သတ်မှတ်လိုက်ပြီးတော့ နောက်အပါတ်တွေကျရင် တခြားအကြောင်းအရာတွေကို ထပ်ပြီးတော့ ပြောပြပေးသွားပါမယ်

Know Your Users Well

ဒီ Slide လေးက ကျွန်တော့်ရဲ့ အရင် Class အဟောင်းတွေမှာထည့်ပြောဖြစ်တဲ့ဟာလေးပါ၊ အားလုံးသိပြီးတဲ့အတိုင်း ကျွန်တော်တို့ UXUI Design ဆိုတာ User တွေကိုအခြေခံပြီးဖြစ်လာတဲ့ Concept တစ်ခုပါ၊ ကျွန်တော်တို့ Senior တွေဆီကအမြဲကြားရတာက User Problem ကိုအရင်ဖြေရှင်းဖို့၊ Solution ရှာဖို့ဆိုတာပါ

တစ်ခါလာလည်း ပြဿနာ၊ နှစ်ခါလာလည်း ပြဿနာ၊ User Problem ဆိုတာ ဖြေရှင်းမယ်ဆိုရင် အတောမသတ်နိုင်တဲ့ Loop Hole ကြီးတစ်ခုပါပဲ၊ ကျွန်တော်တို့က User တွေဘာကွိုင်တက်နေလဲဆိုတာပဲ အဖြေလိုက်ရှာနေကြတာပါ၊ တကယ်တမ်း User တွေလိုအပ်နေတာက Solution မဟုတ်တာလည်းဖြစ်နိုင်ပါတယ်၊ User တွေက သူတို့ကိုဂရုစိုက်တာကိုပဲကြိုက်တာလည်းဖြစ်နိုင်ပါတယ်၊ ဒါကို ဘယ်မှာသွားတွေ့မိလဲဆိုတော့ Spotify မှာ စပြီးသတိထားမိတယ်ဗျ

လွန်ခဲ့တဲ့ 2021 November လောက်ကစပြီး Spotify က နှစ်တိုင်း ဒီလိုအချိန်မှာ Year Wrapped Up ဆိုတဲ့ Feature လေးလုပ်ပေးလေ့ရှိတယ်၊ ကျွန်တော်သတိထားမိတာတော့ Spotify ကနေ သတိထားမိတာပါ၊ သူ့ထက်အရင်လုပ်တဲ့ Platform တွေရှိကောင်းရှိနိုင်ပေမဲ့ Social Media မှာ Viral ဖြစ်သွားတာကတော့ Spotify ပါ

သူ့ Year Wrapped Up အကြောင်းရှင်းပြရမယ်ဆိုရင် Spotify သုံးတဲ့ User တွေကို ပြီးခဲ့တဲ့ တစ်နှစ်လုံးမှာ ဘာတွေအများဆုံးနားထောင်ခဲ့လဲ၊ ဘယ်နှမိနစ်လောက် Spotify မှာ အချိန်ကုန်ခဲ့လဲ၊ ကိုယ့်ရဲ့ Favorite Artist တွေ၊ Favorite Album တွေက ဘယ်သူတွေလဲ၊ စတာတွေကို Slides လေးတွေလုပ်ပြီးတော့ ပြပေးတာပါ၊ Slide Theme တွေကလည်းတော်တော်လေး မိုက်သလို၊ Instagram မှာ တိုက်ရိုက် Story တင်လို့ရတဲ့ Ratio နဲ့ Design တွေကို လုပ်ထားတာက အတော်လေး ရည်ရွယ်ချက်ကောင်းပါတယ်

ဒီ Feature က ဘယ် Problem ကိုဖြေရှင်းလိုက်လဲဆိုရင် အဖြေမရှိပါဘူး၊ User တွေကို သက်သက် Fun ဖြစ်အောင်၊ Activity လေးတစ်ခု Social Media မှာလုပ်ဖြစ်အောင်လုပ်ပေးလိုက်တာပါပဲ၊ ဒါပေမဲ့ User တွေကြားထဲ အရမ်း Viral ဖြစ်သွားပြီးတော့ လူတိုင်းရဲ့ Story မှာ Spotify Slide တွေပဲတက်လာတဲ့အထိ အသုံးပြသူများခဲ့ပါတယ်၊ အဲ့နောက်နှစ်မှာ လိုက်လုပ်ကြတာကတော့ Apple Music, YouTube Music စတာတွေကနေ နောက်ပိုင်းနှစ်တွေမှာ SoundCloud တို့ ဘာတို့ကအစ လိုက်လုပ်ကြတော့တာပါပဲ

ဒီနှစ်မှ သတိထားမိတာက Discord လိုနေရာမှာပါ Year End Wrapped ဆိုပြီး လုပ်ပေးလာတာပါ

Spotify's Wrapped Up
Apple Music's Wrapped Up
Discord's Wrapped Up

ဒီ Concept လေးက တကယ်တမ်း User Problem ကိုဖြေရှင်းမယ်ဆိုပြီး လုပ်ထားတာမဟုတ်ပါဘူး၊ User တွေက သူတို့ရဲ့ Activity တွေ၊ သူတို့ရဲ့ Performance တွေကို ဒေတာတွေအနေနဲ့ကြည့်ရတာအရမ်းကြိုက်ကြပါတယ်၊ သူတို့ တစ်နှစ်လုံး ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ Flashback တွေကိုပြန်ကြည့်ရတာ၊ သူတို့မသိလိုက်ခင်မှာပဲ ကျွန်တော်တို့ကတော့ သူတို့ရဲ့ Insights တွေကို မှတ်ထားပါတယ်ဆိုတဲ့ ဂရုစိုက်မှုလေးကို သဘောကျတာပါ

ဒီ Concept လေးကို ကျွန်တော်တို့လည်း Product တွေမှာ Apply လုပ်ဖြစ်တာရှိပါတယ်၊ မှတ်မှတ်ရရတစ်ခုဆို Personal Ecommerce Product တစ်ခုလုပ်တုန်းက Website မှာ Register လာလုပ်သွားတဲ့ User ကို တစ်နှစ်ပြည့်ရင် 1 Year Anniversary ဆိုပြီး Noti လှမ်းပို့ပေးပြီးတော့ Wish လုပ်ပေးတာ၊ Website မှာ Discount နဲ့ဝယ်ယူခွင့်ပေးတာ စတာလေးထည့်လုပ်ဖို့တွေးဖြစ်သွားတာပါ၊ Personal Ecommerce မလို့ User အများကြီးစုပြုံမနေတာကြောင့်လည်း ဒါမျိုးလုပ်ဖြစ်တာပါ၊ အဲ့တော့ User က သူ့ဟာသူတောင် တစ်နှစ်ပြည့်သွားမှန်းမသိလိုက်ပေမဲ့၊ ကျွန်တော်တို့ကတော့ အလေးထားပါတယ်ဆိုတဲ့ Feeling လေးကိုရသွားစေတာပေါ့

ကဲ ဒီအပါတ်အတွက်တော့ ဒီလောက်ပါပဲ၊ တွေးစရာလေးတစ််ခုရသွားမယ်လို့ မျှော်လင့်ပါတယ်၊ နောက်အပါတ်မှပြန်တွေ့တာပေါ့

See ya'll 👋🏻